ကိုရီးယားနိုင်ငံရောက် သနပ်ပင်မြို့သားများ စုပေါင်း၍ Facility Quarantine Centre (၂) ခုင့်  ကိုဗစ်-၁၉ လူနာများ အတွက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း

သနပ်ပင် အောက်တိုဘာ  ၆

ကိုရီးယားနိုင်ငံရောက် သနပ်ပင်မြို့သားများ စုပေါင်း၍  Facility Quarantine  Centre (၂)ခုနှင့် ကိုဗစ်-၁၉ လူနာများအတွက် ထောက်ပံငွေပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၆ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ် ပြည်သူ့ဆေးရုံ ၊ မိုးလုံလေလုံ Facility  Quarantine Centre နှင့်  အ−ထ−က(သနပ်ပင်)၊ Facility Quarantine Centre များ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းသည်  သနပ်ပင်မြို့နယ်စင်တာ(၂)ခုရှိ စောင့်ကြည့်လူနာများနှင့် ပိုးတွေ့လူနာများအတွက်  နေ့စဉ်စားသုံးစရိတ် နှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ဝယ်ယူရေး စသည့်လိုအပ်သည့် နေရာများတွင်  အသုံးပြုရာတွင် အခက်အခဲ မရှိစေရန် ရည်ရွယ်လှူဒါန်းပေးခြင်းဖြစ်ကာ  ထောက်ပံ့ငွေေပေးအပ်ရာ တွင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စံကြည်၊  စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးအောင်သူရ  မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ညိုပြာတို့တက်ရောက်ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ  သနပ်ပင် ပြည်သူ့ဆေးရုံ၌တက်ရောက်ကုသနေသော ကိုဗစ်-၁၉လူနာများအတွက် အလှူငွေကျပ် (၄ ) သိန်းကျပ်၊  မိုးလုံလေလုံ အသွားအလာကန့်သတ်စောင့်ကြည့်နေရာရှိ စောင့်ကြည့်လူနာများ အတွက် အလှူငွေကျပ်    (၄) သိန်း  ၊ အ−ထ−က(သနပ်ပင်)  Quarantine  Centre ရှိ    စောင့်ကြည့် လူနာများအတွက်  အလှူငွေ  ကျပ်(၄)သိန်း၊ ဘုရာကြီးနေရပ်ပြန် ကြိုဆိုရေးစခန်း အတွက် အလှူငွေ ကျပ် (၄) သိန်း၊   ကိုဗစ် ၁၉ ရောဂါကာလအတွင်း  စားဝတ်နေရေး အခက်အခဲဖြစ်သော အိမ်ထောင်စုများအတွက်  ယုံကြည်ရာပရဟိတအသင်းအဖွဲ့သို့အလှူငွေ ကျပ်(၁)သိန်း၊  စျေးပိုင်းပရဟိတလူမှုကူညီရေးအသင်းအား အလှူငွေ (၅) သောင်းကျပ်၊ ချယ်ရီဦး လူမှုကူညီရေးအသင်းသို့ အလှူငွေ (၅) သောင်းကျပ်၊ စုစုပေါင်း  အလှူငွေ ကျပ်  (၁၈ ) သိန်းတိတိအား လှူဒါန်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာစင်တာများရှိ တာဝန်ရှိသူတို့မှ လက်ခံ ရယူခဲ့ကြောင်းသိရှိရသည်။

လှမိုး(သနပ်ပင်)