အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) ဖြင့် ကျေးရွာနှစ်ရွာတွင် လျှပ်စစ်မီးရေးဖွင့်ပွဲ ကျင်းပ

ပခုက္ကူ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှအုပ်စု၊ မင်းနန်းတောကျေးရွာနှင့် ပုတီးတွင်းကျေးရွာတို့တွင် ယမန်မနေ့ ည ၆နာရီ ၃၀မိနစ်အချိန်ခန့်က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် လျှပ်စစ်မီးရေးဖွင့်ပွဲ ကျင်းပခဲ့သည်။

လျှပ်စစ်မီးလင်းရေး အခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမြမင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် ဦးဟန်ဇော်ဝင်း၊ ပခုက္ကူခရိုင် ခေတ္တခရိုင်လျှစ်စစ်အင်ဂျင်နီယာ ဦးစိုးဝေ၊ ကမ္မမြို့၊ လျှပ်စစ်အင်ဂျင်နီယာ  ဒေါ်မိုးမိုးဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ပခုက္ကူမြို့နယ် ညောင်ပင်လှအုပ်စု၊ မင်းနန်းတောကျေးရွာနှင့် ပုတီးတွင်းရွာလျှပ်စစ်မီးရေးအတွက် ကမ္မမြို့၊ လျှပ်စစ်ရုံး က တာဝန်ယူဆောင်ရွက်ခဲ့ခြင်းပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ကျေးရွာပေါင်း ၁၄ရွာနှင့် တိုင်းဒေသ ကြီး ဘတ်ဂျတ်ဖြင့် ကျေးရွာ ၅ရွာ လျှပ်စစ်မီးပေးနိုင်ခဲ့ကြောင်းသိရသည်။

ပခုက္ကူမြို့နယ်တွင် အောက်တိုဘာလ ၅ရက်နေ့အထိ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ကျေးရွာပေါင်း ၃၂ရွာတွင် မီးလင်းပေးနိုင်ခဲ့ကြောင်း ၊ပခုက္ကူခရိုင် ခေတ္တခရိုင်လျှစ်စစ်အင်ဂျင်နီယာ ဦးစိုးဝေ၏ ပြောကြားချက်အရ သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)