တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများ လာရောက်လှူဒါန်း

တောင်တွင်းကြီး အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆေးရုံသုံး ပစ္စည်းများ ကို အလှူရှင်များဖြစ်ကြသည့် စွမ်းအားမိသားစုမှ  ယမန်နေ့ နေ့လယ်က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အလှူရှင် "စွမ်းအား" မိသားစုမှ  တန်ဖိုးငွေစုစုပေါင်း (၁၀၂၅၀၀၀)ကျပ်တန်ဖိုးရှိ oxygen concentrator (၁)လုံး၊ PPE(၁၀)စုံ၊ N95(၅)ခု၊ Surgical Gown(၁၀)စုံ ကိုလာရောက်လှူဒါန်းခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေါက်တာကြည်မျိုးမှလည်း တောင်တွင်းကြီးမြို့နယ်၏ ကိုဗစ်လုပ်ငန်းများအတွက် လိုအပ်သော နေရာများတွင်အ သုံးပြုရန် အလှူငွေ(တစ်သိန်း)ကျပ်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)