ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် အလှူငွေနှင့်ပစ္စည်းများ လာရောက်လှူဒါန်း

ပုလဲ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့ နံနက်ပိုင်းကကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်  ၊   ကုသရေးလုပ်ငန်းများ   ဆောင်ရွက် နိုင်ရေးအတွက်  စေတနာရှင်၊  အလှူရှင်များက  အလှူငွေနှင့် ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်းမြို့နယ်Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီမှ သိရသည်။

ပုလဲမြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က “ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ   အရှိန်တိုးမြှင့်  ဆောင်ရွက်နိုင်ရေးအတွက်  ပုလဲမြို့နယ် ၊  ကျေးနင်းကြီးကျေးရွာနေ ကိုစိုးမိုးအောင် + မသင်းယုခိုင် မိသားစုက ငွေကျပ်၁၅၀၀၀၀၊ ဦးသောင်းညွန့်+ဒေါ်စန်းအေးမိသားစုက ငွေကျပ် ၃၀၀၀၀၊ညောင်ရင်းကုန်းကျေးရွာနေ ဦးမင်းစောသိုက်+ဒေါ်ရီရီမြင့်မိသားစုက ငွေကျပ်၃၀၀၀၀၀နှင့် Mask၁၂ဗူး၊ သေတ္တရာ ကျေးရွာနေ ဦးမင်းသူ+ဒေါ်သန်းသန်းနုမိသားစုက ငွေကျပ် ၅၀၀၀၀ကို လာ‌ရောက်လှူဒါန်း ရာ   တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့်အတူ    လက်ခံရ ယူခဲ့ပြီး  စေတနာရှင်၊  အလှူရှင်များအား   ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

ရပ်ဝေး၊ရပ်နီးမှ စေတနာရှင်၊အလှူရှင်များအနေဖြင့် အလှူငွေများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို  လှူဒါန်းလိုပါက    မြို့နယ် Covid - 19ရောဂါ  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ - ဖုန်း  ၀၉၉၆၃၇၀၀၀၁၃နှင့်  ၀၇၁ ၂၀၃၅၀၀၃သို့  ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းကို  အသိပေးပြောကြားလိုပါတယ် ” ဟု ပြောကြားခဲ့သည်။

ပုလဲမြို့နယ်တွင်  ကိုဗစ် - ၁၉ရောဂါပိုးတွေ့လူနာ ၉ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံIsolation Ward၌ ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးထားပြီး ပိုးတွေ့ လူနာများ၏  ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း  မြို့နယ်COVID–19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)