ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက်တွင် အပြင်ထွက်သွားလာသူများအား ကျန်းမာရေးစည်းကမ်း ချက်များအတိုင်း လိုက်နာခြင်းရှိ/မရှိစစ်ဆေး

ရွှေသောင်ယံ   အောက်တိုဘာ   ၆

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်တွင် ပြည်သူများ အပြင်ထွက်သွားလာသည့်အခါ Mask တပ်ဆင်ခြင်းရှိ/မရှိ၊ အပြင်ထွက်သွားလာခွင့်ကဒ်များ ပါ/မပါ တို့တို့ ယနေ့ နေ့လည် (၁) နာရီအချိန်က လိုက်လံ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ အမှတ် (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပါဝင်သော အဖွဲ့မှ စစ်ဆေးကာ စည်းကမ်းမလိုက်နာသူများကို ဝန်ခံကတိဖြင့် ဆောင်ရွက်၍ နောက်တစ်ကြိမ် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သည့်အခါ ယခုကဲ့သို့တွေ့ရှိပါက စည်းကမ်းလိုက်နာမှုများမရှိသူများကို ဥပဒေအားဖြင့်သော် လည်းကောင်း၊ ငွေဒဏ်အားဖြင့် သော်လည်းကောင်း အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ထို့ပြင် ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားလျက်ရှိသည့် ယခုလိုကာလမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်ကြရန် ပြည်သူများအနေနဲ့ Stay at Home နေထိုင်ရာတွင် တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသေး စိတ်မှာကြားခဲ့ကြကြောင်းသိရသည်။

ကိုကိုမောင် (ပြန်/ဆက်)