ကျောက်ကြီးမြို့နယ်တွင် ရပ်/ကျေး စာရေးဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ကြီး အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စုမှ စာရေးဝန်ထမ်းများအား နိုင်ငံတော်မှထောက်ပံ့သည့် ငွေများကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ် သည်။

အဆိုပါ ထောက်ပံ့ငွများသည် “ရပ်/ကျေးစာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်−၁၉ရောဂါကာလ အတွင်း ရောဂါတားဆီးရေး လုပ်ငန်းများတွင် အသိပညာပေးခြင်း၊ အခြေခံလူတန်းစားများ ထောက်ပံ့ပေးအပ်ရာတွင် စာရင်းဇယားများပြုစုခြင်း၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုခြင်း၊ လူဦးရေ စာရင်းကောက်ယူရခြင်း စသည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရခြင်းများ ကြောင့် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက မှာကြားခဲ့သည်။

ထို့နောက် ကျောက်ကြီးမြို့နယ်တွင်  ကျေးရွာအုပ်စု (၄၁)အုပ်စုမှ စာရေးဝန်ထမ်းစုစုပေါင်း(၄၁) ဦးအား တစ်ဦးလျှင် ငွေကျပ်(၁၀၀,၀၀ဝိ/−)နှုန်းဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

K ခိုင် ပြန်/ဆက်