ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်တွင် အထူးကြပ် မတ်စစ်ဆေးဆောင်ရွက်

ရွှေတောင် အောက်တိုဘာ ၇


ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာ မြို့ဝင်လူဝင်/ လူထွက်စောင့်ကြပ် ကြည့်ရှု စစ်ဆေးမေးမြန်းခြင်းတို့ကို မြို့ဝင်ဂိတ်တွင် နေ့ရောညပါ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်အတွင်းသို့ အခြားနေရာနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ လာရောက်ကြသူများ၊ ခရီးသွားများနှင့် မော်တော်ယာဉ်များအားလုံးကို စစ်ဆေးမေးမြန်းခြင်း၊ အဝင်အထွက်ကြည့်ရှုစစ်ဆေးခြင်း တို့ကို မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးနှင့်အခြား ဌာနတို့ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)