ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် Stay at Home ကာလအတွင်း မလိုအပ်ဘဲ နယ်မြေကျော်လွန် သွားလာခြင်းမရှိစေရန် တားမြစ်စစ်ဆေးဆောင်ရွက်

ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၇


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ (ကိုကိုးကျွန်း မြို့နယ် မပါ) တွင် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ပြည်သူများ ထိရောက်စွာ လိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီခွဲအချိန်ထိ ပုဏ္ဏမီလမ်းနှင့် ပဲခူး မြစ်လမ်းပေါ်တွင်  ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍  Stay at Home ကာလ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ထိန်းချုပ်နိုင်စေရန် ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)အတွင်း မြို့အဝင်အထွက် နေရာ တစ်ခုဖြစ်သည့် ပုဏ္ဏမီလမ်းနှင့် ပဲခူးမြစ်လမ်းပေါ်တို့တွင် ဖြတ်သန်းသွားလာနေသော အရေးပေါ် ယာဉ်များနှင့် ကုန်တင်ယာဉ်များမှ လွဲ၍ အခြားယာဉ်များ မလိုအပ်ဘဲ နယ်မြေကျော်သွားလာခြင်း မရှိစေ ရေး စစ်ဆေးမေးမြန်းပြီး မဖြစ်မနေ နယ်မြေကျော်သွားရန် လိုအပ်ပါက ထောက်ခံချက် များပါရှိရန် စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
နန်းရွှေကြည် (ပြန်/ဆက်)