ရန်ကင်းမြို့နယ်ရှိ အ.ထ.က(၁) Quarantine Center တွင် ထားရှိသော စောင့်ကြည့်လူနာများမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများ အိမ်ပြန်ခွင့်ရရှိ

ရန်ကင်း  အောက်တိုဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Quarantine Center တွင် ထားရှိသော စောင့်ကြည့်လူနာ များမှ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူများ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Quarantine Center တွင် စောင့်ကြည် လူနာ များထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (Swab) ရယူစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသူ (Negative) အဖြေထွက်ရှိသော စောင့်ကြည့်လူနာ ကျား-၆ ဦး၊ မ-၁၉ ဦး၊ စုစုပေါင်း(၂၅)ဦးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိမ်ပြန်ခွင့်ပြုခဲ့ ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ပြန်ခွင့်ရရှိသော စောင့်ကြည့်လူနာများသည် မိမိတို့၏နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်လေး(ပြန်/ဆက်)