လှိုင်းဘွဲ၊ အောက်တိုဘာလ ၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသောမြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် ပြန်လည်ထုတ်ချေးခြင်း ကို ယမန်နေ့က တဝန်ဖန်ရကျေးရွာအုပ်စု၊ နားဒိုက်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်သည့် နားဒိုက်ကျေးရွာ၌ ချေးငွေတောင်သူ (၄၇)ဦးအတွက် ငွေကျပ် (၄၅၀၀၀၀၀၀/-)တိတိအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊အရောင်းအဝယ်နှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ချေးပေးခဲ့ပါသည်။
အဆိုပါမြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကိုလှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှကျေးရွာတာဝန်ခံဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန် ချက်များနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)