မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ (၁၁၅) ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab) များရယူ

ရန်ကုန် အောက်တိုဘာ  ၇


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်း ချုပ်နိုင်စေရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်နေသူ(၁၁၅)ဦး ထံမှ နှာခေါင်းနှင့် အာခေါင် တို့ပတ် (Swab) များ ရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ Quarantine Centre အသီးသီး သို့ ရန်ကုန်တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာရေးဦးစီးဌာန Swab Team မှ လာရောက်ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre၊ အ.ထ.က (၁) ကျောင်းရှိ Anosmia (အနံ့ပျောက်) Centre နှင့် Hotel Facility Quarantine တို့တွင် အသွားအလာကန့်သတ်ထားရှိသူ (၁၁၅) ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ပတ် များကို  Swab Team များမှ ရယူခဲ့ကြပြီး အဆိုပါဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
နှာခေါင်းနှင့် အာခေါင်တို့ပတ် (Swab) များ ရယူခြင်းလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန Swab Team မှ လာရောက်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များ၊ အခြေခံကျန်းမာရေးပညာရှင်များနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ကျန်းမာရေး မှူး (၂) ဦးတို့မှ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)