ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေးအသင်း အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အလှူရှင်များက ငွေကျပ်(၈)သိန်းကို ယမန်နေ့ ည(၇)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရဿည်။
Super Sunday လူမှုကူညီရေးအသင်းအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေး ကော်မတီ ၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်းရှိ Quarantine Center (၅)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ကိုနေလင်းအောင်+ မသန်းသန်းစိုးမှ(၃)သိန်း၊ ကိုကျော်သူရမှ(၃)သိန်း၊ ကိုညီညီထွန်း+မသီသီဟန်မှ (၁)သိန်း၊ ကိုနိုင်ထွန်းအောင်မှ(၁)ကျပ်တို့ကို လာရောက်လှူဒါန်းရာ Super Sunday လူမှုကူညီ ရေးအသင်းဥက္ကဋ္ဌ ကိုသူရိန်ထွန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)