တွံတေး အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီထောက်ပံ့ ရေးအဖွဲ့သို့ ပြည်တွင်း၊ ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များ တွင် သုံးစွဲနိုင်ရေး အလှူရှင်များက ယမန်နေ့ နေလယ်က နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူညီစောင့်ရှောက်ရေးအဖွဲ့အား လုပ်ငန်းများ ဆောင်ရွက်မှုတွင် အသုံးပြုရန်အတွက် ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းမှ တွံတေးမြို့နယ်အတွင်းရှိ Quarantine Centre များတွင် လိုအပ်လျက်ရှိသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဖြစ် သော မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ ခြင်ထောင်၊ ဂွမ်းကပ်အစုံ(၁၀၀)၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာတုံး(၃)မျိုးတွဲအစုံ(၁၀၀)၊ ရေချိုခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်(၃)မျိုးအစုံ(၁၀၀)၊ Surgical gown (၅၀)ထည်၊ Plastic apron
(၁၀၀ ပ)(၁)ထုပ်၊ Face Shield (၄၀၀)ခု၊ Surgical mask အခု(၁၀၀၀) ၊ လက်အိတ်(၁၀၀ ပ) (၃)ဘူး၊ ခေါင်းစွပ် (၁၀၀ ပ)(၂)ဘူး၊ လက်သန့်ဆေးရည်(၅၀၀ မီလီ)(၁၀)ဘူး၊ လက်ဆေးဆပ်ပြာဆီ(၅၀၀မီလီ) (၁၀)ဘူး၊ အရက်ပျံ(၅၀၀မီလီ)(၅)ဘူး၊ ဆန်(၃၅)အိတ်၊ ဆီ( ၅လီတာ)(၅)ဘူး၊ ကြက်ဥအလုံး(၃၀၀၀)လုံး၊ ကြက်သွန်နီ(၁၀)ပိဿာ၊ အာလူးပိဿာ(၂၀)၊ ကိုထွန်းဝေမိသားစု တမွတ်ကျေးရွာ(၁၀)သိန်းကျပ်၊ မြို့နယ်ပညာရေးဌာန မိသားစုမှ (၉)သိန်းကျပ်၊ ကိုရွှေဂဲ တမွတ်(၅)သိန်းကျပ်၊ ကိုမြင့်အောင် မိသားစုမှ PPE ဝတ်စုံအတွက်(၅)သိန်းကျပ်၊ တွံတေးမြို့(ဘာဟာအီသသာနာဝင်)များ မှ(၅)သိန်းကျပ်၊ ဦးကျော်ဇေယျ မိသားစုမှ (၅)သိန်းကျပ်၊ ကိုသန်းနိုင်မိသားစုမှ(၅)သိန်း ကျပ်၊ ကိုမျိုးအောင်မိသားစုမှ (၃)သိန်းကျပ်၊ ကိုသိန်းထွန်းမိသားစုမှ(၃)သိန်းကျပ်၊ ကိုကျော်ရဲအောင် အလုံမြို့နယ်မှ(၃)သိန်းကျပ်၊ ကိုအောင်သူဟိန်းမိသားစုမှ (၃)သိန်းကျပ်၊ ဦးတင်ညွန့်မိသားစုမှ(၃)သိန်းကျပ်၊ ဦးစိုးသိန်းမိသားစုမှ (၂)သိန်းကျပ်၊ အိုးဘိုလူငယ်များမှ (၁)သိန်းကျပ်၊ ဒေါ်ခင်မြချို(TEO)မှ (၁)သိန်းကျပ်၊ ကိုဌေးလွင် မိသားစုမှ(၁)သိန်းကျပ်၊ ဒေါ်ရီရီအောင် ညီအစ်မမှ(၁)သိန်းကျပ်၊ ဦးမောင်မြင့်မိသားစုမှ N95 Mask အတွက် (၁၅၀၀၀၀)ကျပ်၊ ဦးသန်းဦး မိသားစုမှ(၁)သိန်းကျပ်၊ ဦးညွန့်တင်မိသားစုမှ(၁)သိန်းကျပ်၊ ကိုဇော်ထွေး မိသားစုမှ(၁)သိန်းကျပ်၊ ကိုပြည်လွင်စိုးမိသားစုမှ PPE ဝယ်ရန်(၁)သိန်း ကျပ်တို့ကို လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက်လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကျေးဇူးတင် စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)