မိုင်းစံမြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်

မိုင်းစံ အောက်တိုဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ​ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များက ယနေ့ နံနက် (၁၀) နာရီ အချိန် မှစ၍ ပြည်သူများ  မိမိနေအိမ်မှ ပြင်ပသို့ထွက်ခွာလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/ မရှိစစ်ဆေးခြင်းကို ကာလိ-မိုင်းစံ-မိုင်းရှူးသွားရာ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၊ စျေးလမ်းဆုံ၊ နယ်မြေရဲစခန်းလမ်းဆုံ၊ နယ်​မြေမီးသတ်စခန်းလမ်းဆုံများတွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် ဌာနဆိုင်ရာများ ၊ ကျန်းမာရေး ဌာန မှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိုင်းစံရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရုပ်/သံဝန်ထမ်းစသည်တို့ ပူးပေါင်း၍ ပြည်သူများ  မိမိနေအိမ်မှ ပြင်ပသို့ထွက်ခွာလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ /မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ရာ တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသော ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း နှင့်ကျေးရွာနေပြည်သူများအား အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်ချို (ပြန်/ဆက်)