စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

မြောင် အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် လူမှု၀န်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ်အရ အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ မှုအဖြစ် တစ်ဦးလျှင်ငွေကျပ် (၃၀၀၀ဝိ/-)နှုန်း ထောက်ပံ့ပေးမှုအား မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထီးလှိုင်ရှင်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အတွင်းရှိ သာသနာ့၀န်ထမ်းများအပါအ၀င် သက်ကြီး ဘိုးဘွား(၁၂၅၃)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း(၃၇၅၉၀၀၀ဝိ/-)ကျပ်ကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျှက်ရှိကြောင်း သိရှိရသည်။

ထက်ထက် (ပြန်/ဆက်)