မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးပြန်လည်ကုစားမှုအစီအစဉ် အဖြစ် အသက်(၈၀)နှစ်မှ (၈၅) နှစ်အတွင်း အဘိုး၊ အဘွားများအတွက် ထောက်ပံ့ငွေများ ဆက်လက် ပေးအပ်

ရန်ကုန် အောက်တိုဘာ ၇


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အသက် (၈၀)နှစ်မှ (၈၅)နှစ်အထိ အဘိုး၊ အဘွားများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ရပ်ကွက်များအလိုက် အဘိုး၊ အဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀) တွင် အသက် (၈၀) နှစ်မှ (၈၅) နှစ်အတွင်းရှိ အဘိုး၊ အဘွား (၄၈၇)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း  (၁၄၆၁၀၀၀၀)ကျပ်ကို  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ ထောက်ပံ့ငွေမှာ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း တစ်ကြိမ်သာ ထောက်ပံ့ပေးမည့် ထောက်ပံ့ငွေဖြစ်ကြောင်းလဲ သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)