အင်းစိန်မြို့နယ်၊ စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်(၅)သောင်းနှင့် ရေသန့်ဘူး(၂၄)ကတ်လှူဒါန်း

ရန်ကုန်    အောက်တိုဘာ    ၇


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်(၅)သောင်းနှင့ ရေသန့်ဘူး(၂၄)ကတ်ကို ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့်နေရာများ သုံးစွဲနိုင်ရန်အတွက် အင်းစိန်မြို့နယ်၊ စီမံကိန်းဦးစီးရုံးမှ ဝန်ထမ်းများ စုပေါင်း၍ ငွေကျပ်(၅) သောင်းနှင့် ရေသန့်ဘူး(၂၄)ကတ်ကို စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဆွေနှင့် ဝန်ထမ်းများ က လှူဒါန်းရာ  အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)