မြောင်းမြ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သတင်းရယူနိုင်ရန် သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားနိုင်

မြောင်းမြ  အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် သတင်းရယူနိုင်ရန်အတွက် သတင်းရယူခွင့် သက်သေခံကတ်ပြားများ စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာမှာ သတင်းမီဒီယာသမားများ အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ သတင်းမီဒီယာ အဖွဲ့အစည်းတစ်ခုလျှင် ()ဦးနှုန်းဖြင့် လျှောက်ထားနိုင်ကြောင်း လျှောက်ထားရာတွင် ကိုယ်တိုင်ရေး လျှောက်လွှာနှင့်အတူ လိုင်စင် ဓာတ်ပုံ()ပုံ၊ မိမိတို့၏မီဒီယာ အဖွဲ့အစည်း၏ ထောက်ခံချက်ပူးတွဲ လျှောက်ထားရမှာဖြစ်ပြီး သတင်း ရယူခွင့် လျှောက်ထားခြင်းကို အောက်တိုဘာလ (၂၃)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထား နိုင်ကြောင်း မြောင်းမြခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကေခိုင်စိုး(မြောင်းမြ)