မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းမှ ကိုဗစ်−၁၉ ကာလ အောင်လံမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၉)ဦး အား တစ်ဦး (၃၀၀၀၀/-)နှုန်းထောက်ပံ့ပေးအပ်

အောင်လံ အောက်တိုဘာလ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများ အသင်းမှ ကိုဗစ်−၁၉ ကာလ အောင်လံမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၉)ဦးအား တစ်ဦး(၃၀၀၀၀/) နှုန်းထောက်ပံ့ ပေးအပ်မှုကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် လူငယ်ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာ ရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်မှုတွင် မြို့နယ် လူငယ်ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး မသန်စွမ်းသူများ အသင်းမှ ကိုဗစ်−၁၉ ကာလအောင်လံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ(၄)ဦးနှင့် ပြလို့  ကျေးရွာမှ (၅)ဦး စုစုပေါင်း(၉)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေ(၂၇၀၀၀၀/-) တိတိအား မသန်စွမ်းသူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)