ကွမ်းလုံ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမှ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မြို့အဝင်အထွက်ဂိတ်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ ရယူစစ်ဆေးခြင်းနှင့် လူဝင်လူထွက်စာရင်းများ ပြုစုခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်းဆေးဆောင်ရွက်ရာတွင် ကွမ်းလုံမြို့နယ်အတွင်းသို့ ဝင်ရောက်လာမည့် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေးဆေးထောက်ခံချက်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၏ ထောက်ခံချက်များ ပါရှိသူများကိုသာ စစ်ဆေး၍ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး အထောက်အထားပြည့်စုံစွာ တင်ပြနိုင်ခြင်းမရှိသူများကို မြို့နယ်အတွင်း ဝင်ရောက်ဖြတ်သန်းခွင့်မပြုကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)