တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်း၌ နှာခေါင်းနှင့်အာခေါင်တို့မှ ဓာတ်ခွဲ နမူနာရယူ

တန့်ယန်း  အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre)တွင် ယမန်နေ့ ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓာတ်ခွဲ နမူနာ ရယူခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက်  ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre)တွင် ကန့်သတ်စောင့်ကြည့်သူ စုစုပေါင်း(၂၃)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာ တို့ဖတ်များအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရယူကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။                                                                                           

မင်းလွင်ဦး(ပြန်/ဆက်)