ဝါးခယ်မ၌ ပါတီအသီသီး၏ ကိုယ်စားလှယ်များ၏ ရှေ့မှောက်၌ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်

ဝါးခယ်မ  အောက်တိုဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ၏ ကြိုတင်ဆန္ဒမဲများ ထားရှိမည့် ဆန္ဒမဲပုံးအား မြို့နယ်အတွင်းရှိ ပါတီအသီးသီး၏ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်သိမ်းငွေက ကြိုတင်ဆန္ဒမဲနှင့် ပတ်သက်၍ ဝါးခယ်မ မြို့နယ်အနေဖြင့် ပြည်ပရောက် နိုင်ငံသားများ၏ ကြိုတင် ၃၀၃ မဲ ရှိကြောင်း၊ ယနေ့အထိ ပြည်တွင်း ကြိုတင်မဲ အနေဖြင့် ၄၂ မဲ ရှိကြောင်းနှင့် ပြည်တွင်း ကြိုတင်မဲအရေအတွက်မှာ ထပ်တိုးလာနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲများ ထည့်သွင်းထားရှိမည့် ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)