စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြောင် အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့မဈေးအတွင်း ဈေးရောင်း သူများနှင့် လာရောက်ဈေး၀ယ်သူများအား အပူချိန်တိုင်းတာခြင်း လက်ဆေးမှုများပြုလုပ်ခြင်းနှင့် Mask များ တပ်ဆင်စေရေးများအား အဆက်မပျက် ပြုလုပ်ဆောင်ရွက်ကာ အသိပညာပေးခြင်းများ ဆောင် ရွက်လျက်ရှိပြီး ယနေ့တွင် ဈေးရောင်းသူနှင့် ဈေး၀ယ်လာရောက်၀ယ်သူများ Mask တပ်ဆင်မှုရှိ စေရေးအတွက် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

"ကျွန်တော်တို့ စည်ပင်သာယာရေးကော်မတီအနေဖြင့်  Mask တပ်ဆင်မှုရှိစေရန် ဈေးရောင်းသူ၊ ဈေး၀ယ်သူများအား Maskများကို အခမဲ့ဖြန့်ဝေခြင်းနှင့်ပညာပေးလုပ်ငန်းများအား ဆောင်ရွက် ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဈေးရောင်းသူ၊ ဈေး၀ယ်သူများ Mask တပ်ဆင်မှသာ ရောင်းဝယ်ရပါမယ် စည်ပင်သာယာရေး ဝန်ထမ်းများကလည်း နေ့စဥ် စျေးအတွင်းအပူချိန်တိုင်းတာ​​ခြင်းများကို ဆောင်ရွက် လျက်ရှိပါတယ်"ဟု စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးကျော်ထင်မောင်မောင်က ပြောပြ သည်ကို သိရသည်။

တင်ကိုကို( မြောင် )