တမူး အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများနှင့် Covid-19 Special Relief Lone ဘဏ်ချေးငွေများ ထုတ်ချေး ပြီးစီးပြီးဖြစ်ကြောင်း တမူးမြို့ နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးညွှန့်အေး ထံမှ သိရသည်။
တမူးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများနှင့်Covid-19 Special Relief Lone ဘဏ် ချေးငွေ များထုတ်ချေးပေးရာတွင် မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ တောင်သူ (၄၅၀၁)ဦး၊ စိုက်ဧက (၂၆၈၁၄)ဧကတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်အတွက် တစ်ဧကလျင် (၁၅၀၀၀၀)ကျပ်ဖြင့် (၄၀၂၂.၁)သန်း၊ Covid-19 Special Relief Lone ဘဏ်ချေးငွေအတွက် တစ်ဧကလျင်(၅၀၀၀၀)ကျပ်နုန်းဖြင့်(၁၃၉၅.၃)သန်း စုစုပေါင်း ချေးငွေနှစ်မျိုးအတွက် (၅၄၁၇.၄) သန်းအား ရာနှုန်းပြည့် ထုတ်ချေးပေးခဲ့ပြီး တောင်သူတစ်ဦးလျင် အများဆုံး(၁၀)ဧက အထိ သာထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)