အလုံ အောက်တိုဘာ ၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၄)အလုံနှင့် အ-ထ-က(၇)အလုံ အသွား အလာ ကန့်သတ် စောင့်ကြည့်နေရာများတွင် အသွားအလာကန့်ကတ်ခံထားသူ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ စိတ်အပန်းဖြေ အင်တာနက် အခမဲ့အသုံးပြုနိုင်ရန်အတွက် Wi-Fi ကို ယနေ့နံနက်ပိုင်းက တပ်ဆင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်မှ ပေါင်းစပ်ချိတ်ဆက်ညှိနှိုင်းမှုဖြင့် 5BB BROADBAND Global Technology Company မှ အခမဲ့တပ်ဆင်ဝန်ဆောင်မှုပေးခဲ့ကြောင်းသိရသည်။
တင်တင်ချို(အလုံ)