ဘုတလင် အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း ဆရာတော်၊ သံဃာတော်များအား ဆွမ်းလိုအပ်မှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက ဘုန်းတော်ကြီးကျောင်းများသို့ ယမန် နေ့ ညနေပိုင်းက ဆွမ်းဆန်နှင့် နှာခေါင်းစည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက လယ်ပြင်ကျောင်းတိုက်၊ ရန်အောင်မြင်ကျောင်းတိုက်၊ မြကွမ်း တောင် ကျောင်းတိုက်၊ ပြဿဒ်ကျောင်းတိုက်နှင့် ခရေပင်ကျောင်းတိုက်တို့သို့ သွားရောက်ပြီး ဆရာတော်ကြီးများထံသို့ ဆွမ်းဆန်အိတ်များနှင့် နှာခေါင်းစည်းများကို ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ဘုတလင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက ဘုန်းတော်ကြီး ကျောင်းတိုက် ၅ တိုက်သို့ ဆွမ်းဆန် ၁၀ တင်းခွဲနှင့် နှာခေါင်းစည်း ၅၀၀ ခုကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)