အလုံမြို့နယ် အ-ထ-က(၄)အလုံ  အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ ကော်ရည် ခေါက်ဆွဲဘူးများ လာရောက် လှူဒါန်း

အလုံ   အောက်တိုဘာ  ၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၄) အလုံ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက ခေါက်ဆွဲကြော်ဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်  အလုံမြို့နယ်၊နွယ်သာကီလမ်းမှ သမီးငယ်အေးချမ်းပြည့်ဖြိုး (၁၀) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကော်ရည်ခေါက်ဆွဲ(၅၀)ဘူးလာရောက်လှူဒါန်းခဲ့ရာ  တာဝန်ကျ ဝန်ထမ်းများက လက်ခံရယူခဲ့သည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင် Community Based Facility Quarantine Centre များကို အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။ 

တင်တင်ချို(အလုံ)