သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

သံဖြူဇရပ် အောက်တိုဘာ  ၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှထောက်ပံ့သည့် ငွေများကိုယမန်နေ့ မွန်းလွဲ (၃)  နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ  ထောက်ပံ့ငွေများကို  ရပ်/ကျေးစာရေးဝန်ထမ်းများအနေဖြင့်   ကိုဗစ် - ၁၉  ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊အခြေခံလူတန်းစားများအား ထောက်ပံ့ပေး အပ်ရာတွင် စာရင်းအချက်အလက်များပြုစုခြင်း၊  အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများ  ကောက်ယူခြင်းစသည့် လုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက်ရခြင်းများကြောင့် နိုင်ငံတော်မှ

ထောက်ပံ့ငွေများကို ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ ယခု  သံဖြူဇရပ်မြို့နယ်တွင်   ရပ်ကွက်/ကျေးရွာအုပ်စု  (၄၁) အုပ်စုမှ စာရေးဝန်ထမ်း စုစုပေါင်း (၄၁) ဦးအား (၁) ဦးလျှင်  ငွေကျပ် (၁၀၀၀၀၀) နှုန်းဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်မှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အေးအေးသီ(ပြန်/ဆက်)