အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ ‌ဆေးကုသနိုင်ရေး သာသနာ့ဗိမာန်တော်၌ ယာယီဆေးရုံဖွင့်နိုင်ရန် ကြည့်ရှုစစ်ဆေး

အင်္ဂပူမြို့နယ် ကိုဗစ်-၁၉‌ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်‌နေ့ နေ့လည်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူများ ထားရှိဆေးဝါးကုသနိုင်ရေးအတွက် အင်္ဂပူမြို့ သာသနာ့ဗိမာန်တော်တွင် ယာယီဆေးရုံဖွင့်လှစ် ဆေးဝါးကုသနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်‌ ဆေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် လကျ်ားကြီးကျေးရွာအုပ်စု ခတ္တိယဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးပြီး အလှူငွေပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မအူပင်မြို့ တံတားထိပ်နှင့် လကျ်ားကြီးကျေးရွာအုပ်စု၊ ခတ္တိယဂိတ်တွင် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် ခရီးသွားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက်စစ်ဆေးခြင်းကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာက မအူပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျောက်မဲမြို့နယ်အတွင်း မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြားဒေသမှ လာသည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၁၃၀ ကျော်ကို အောက်တိုဘာ ၁၀ ရက်နေ့က ဓါတ်ခွဲနမူနာပြီး ကိုဗစ်၁၉ပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိသည့် ပညာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

ဇလွန်​မြို့မဈေးသစ်အတွင်း ဈေးရောင်း ၊ ဈေးဝယ်များ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ပူး​ပေါင်းအဖွဲ့ဖြင့် စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဇလွန်မြို့မစျေး သစ်အတွင်း ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ(၁၆)ရပ်ကွက်တွင် အလှူရှင်မှ အခြေခံစားသောက်ကုန်များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကြောင့် အလုပ်အကိုင်အဆင် မပြေ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများအား အ ခြေခံစားသောက်ကုန်နှင့် အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေပေါက်ကံ(၁၆) ရပ်ကွက်တွင် ဒေါ်သောင်းစိန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်ကို ယနေ့နံနက် ၉နာရီအချိန် က ပြသဆောင်ရွက်ခဲ့သည်။

ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများနှင့် ဆရာဝန်များအတွက် PPE ဝတ်စုံများ ထောက်ပံ့လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအား လိုအပ် သည့် အသုံးအဆောင် ပစ္စည်းများနှင့် ဆရာဝန်များအတွက် PPEဝတ်စုံများကို ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

တာချီလိတ်မြို့တွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပြည်သူ့ဆေးရုံဟောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရွေးကောက်ပွဲလုံခြုံရေးအတွက် သင်တန်းတက်ရောက်လျက်ရှိသော အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် စစ်ဆေးပေးခဲ့ ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေးအတွက် ကြိုတင်မဲပုံး (၃) ပုံးအား လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေးအတွက် ကြိုတင်မဲပုံး (၃) ပုံးအား အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းကာ မြို့တော်ခန်းမတွင် ထားရှိပြီးဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံးက သိရှိရသည်။
Subscribe to