အင်္ဂပူ အောက်တိုဘာ ၁၂
အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူများထားရှိကာ ဆေးဝါးကုသနိုင်ရေးအတွက် အင်္ဂပူမြို့ သာသနာ့ ဗိမာန်တော်တွင် ယာယီဆေးရုံဖွင့်လှစ် ဆေးဝါးကုသနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ စီမံဆောင်ရွက်မှုဖြင့် ဒုမြိုနယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ ဦးဆောင်သော တာဝန်ရှိသူများက ယာယီဆေးရုံပြုလုပ်မည့် သာသာနာ့ဗိမာန်တော်တွင် လူနာများ ထားရှိနိုင်ရေး အတွက် လိုအပ်သောအစီအမံများ ဆောင်ရွက်နိုင်ရေး စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အင်္ဂပူမြို့နယ်တွင် ယာယီ ဆေးရုံတစ်ခုကို သာသနာ့ဗိမာန်တော်တွင် ဖွင့်လှစ်ရန်စီမံ ဆောင်ရွက်လျက် ရှိပြီး လူနာ (၂၅) ဦးခန့်အား ထားရှိကာ ဆေးဝါကုသပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)