ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများနှင့် ဆရာဝန်များအတွက် PPE ဝတ်စုံများ ထောက်ပံ့လှူဒါန်း

ယင်းမာပင် ​​​အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများအား လိုအပ် သည့် အသုံးအဆောင် ပစ္စည်းများနှင့် ဆရာဝန်များအတွက် PPEဝတ်စုံများကို ယနေ့နံနက်ပိုင်းက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး​​ပေါ်တုံ့ပြန်​ရေး ကော်မတီ မှကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၃) ဦးအတွက် (ခြင်ထောင်၊ ခေါင်းအုံး၊ ပိုက်ဖျာ (၁၃) စုံ)၊ ရေသန့်၊ မုန့်၊ ကော်ဖီ၊ တစ်ရှူး၊  Mask များနှင့် ဆရာဝန်များအတွက်  PPE ဝတ်စုံ (၁၀) စုံ ထောက်ပံ့လှူဒါန်းခဲ့သည့်အပြင် ပိုးတွေ့ လူနာ (၁၃)ဦး အတွက် နေ့စဉ် နံနက်စာ ၊ နေ့လယ်စာ ၊ ညစာများအတွက်ပါ  ကျွေးမွေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)