မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဆ)ရပ်ကွက်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် အလုပ်အကိုင်အဆင်မပြေ၍ စားဝတ်နေရေး ခက်ခဲသူ များကို အခြေခံစားသောက်ကုန်များလှူဒါန်းနိုင်ရန်နှင့်

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အကြို လူထုလှုပ်ရှား ဆောင်ရွက်မှု နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးနေ့အကြိုလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်ပိုင်းက ချောင်းဆုံ အနောက်ရပ်ကွက်၊ မြို့မအမှတ် (၁)ဈေးတွင် လူထုလှုပ်ရှားမှုအနေဖြင့် ဈေးရောင်းဝယ်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်မားလာသည့်အတွက် အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဦးရေ တစ်နေ့ထက်တစ်နေ့ မြင့်မား လာသည့်အတွက် လင်းခေးခရိုင် ဟိုမိန်းမြို့တွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေးခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ နှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ် ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ယနေ့နံနက်ပိုင်း ကစ၍ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံအိမ်အိမ်ထောင်စုများအား အလှူရှင်မှ အခြေခံစား သောက်ကုန်များ ထောက်ပံ့ပေးအပ်

အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စု အတွင်းရှိ လက်လုပ်လက်စား အခြေခံ အိမ်ထောင်စုများအား အခြေခံစောက်သောက်ကုန်ပေးအပ်ထောက်ပံ့ခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ထန်းတောကျေးရွာ အလှူရှင်၏ နေအိမ်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်

ကွန်ဟိန်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၄၄)ဦးနှင့် သင်တန်းနည်းပြများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၄၄)ဦးနှင့် သင်တန်းနည်းပြ (၂)ဦးတို့အား (RDT)Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းအား ယနေ့နံနက် (၉)နာရီအချိန်ခန့် က မြို့နယ်ရဲစခန်းဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့၌ ကြိုတင်မဲများအတွက် မြို့နယ်ကော်မရှင်ရုံးမှ ကြိုတင်မဲပုံးများ ပြင်ဆင်ထားရှိ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးကြမည့် ပြည်ပရောက်ရှိနေသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးက ယမန်နေ့က မဲပုံးပြင်ဆင်ချိတ်ပိတ်ထားမှု ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သထုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် (Mask) များ အခမဲ့ဖြန့်ဝေ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ရုံးမှ တာဝန်ရှိသူများက Mask များ အခမဲ့ ဝေငှပေးခဲ့ကြသည်။

မိုင်းဆတ်မြို့၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Antigen Rapid Diagnostic Test Kit ဖြင့် စစ်‌ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲ က မြို့မရဲစခန်းတွင် စစ်‌ဆေးခဲ့သည်။
Subscribe to