မြောက်ဥက္ကလာပ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ကြောင့် အလုပ်အကိုင်အဆင်မပြေ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများအား အ ခြေခံစားသောက်ကုန်နှင့် အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေပေါက်ကံ(၁၆) ရပ်ကွက်တွင် ဒေါ်သောင်းစိန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ လှူဒါန်းရာတွင် ရွှေပေါက်ကံ(၁၆) ရပ်ကွက်တွင် အမှန်တကယ် စားဝတ်နေရေး အခက်အခဲဖြစ်နေ သည့် အိမ်ထောင်စု (၅၀)စုအား ဆန် (၈) ပြည် ဆီ(၁)ပိဿာ၊ အာလူး (၁)ပိဿာ၊ ကြက်သွန်(၁) ပိဿာနှင့် ငွေကျပ်(၁)သောင်းတို့ကို အလှူရှင်ကိုယ်တိုင် လက်ဝယ်အရောက် ပေးဝေခဲ့ကြောင်း သိရ သည်။
မြမြဝင်း(ပြန်/ဆက်)