ကော့သောင်းမြို့ စိမ်းလန်းစိုပြေသာယာလှပရေး ပရဟိတအဖွဲ့များစုပေါင်းသစ်ပင်စိုက်ပျိုး

မြို့စိမ်းလန်းစိုပြေသာယာလှပရေး မြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့နှင့် သစ်ပင်ချစ်မြတ်နိုးသူများ စုပေါင်းကာ ယမန်နေ့ ညနေပိုင်းက ကော့သောင်းမြို့၊

မယ်စဲ့မြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းနိုင်ရေး ကွင်းဆင်းအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး  တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျောက်စု၊ နမ့်ပိန်းလင်၊ မယ်ဆည်နမ်၊ နမ့်ဟူးကျေးရွာများ၌

မယ်စဲ့မြို့နယ်တွင် Website TV (Online Media) ရိုက်ကူးထုတ်လွှင့်ရန်အတွက် အထောက်အကူပြု ပစ္စည်းပေးအပ်လှူဒါန်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက Online Media ဖြင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူး ထုတ်လွှင့် လျက်ရှိရာ Website TV ရိုက်ကူးရာတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းကို ယမန်နေ့နံနက်က မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၊ ကျေးရွာအုပ်စု(၇)စု၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား လက်ဝယ်အရောက်ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့အတွင်းရှိ ကျေးရွာအုပ်စု(၇)စု၌ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ယနေ့နံနက် ၉ နာရီခန့်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရ သည်။

အမှတ်(၇)ရပ်ကွက်ပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်ဟင်းသီးဟင်းရွက်များ “လိုအပ်သရွေ့ယူ စေတနာဖြင့်အလှူငွေပြန်ထည့်” အစီအစဉ်ဖြင့် ရပ်ကွက်များအတွင်း ဖြန့်ဝေ

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်မှ ပရဟိတအဖွဲ့များသည် ပြည်သူများ Stay at Home နေထိုင်သည့်ကာလအတွင်း မလိုအပ်ပဲ နေအိမ်ပြင်ပထွက်ခွာခြင်းမရှိရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်များအတွင်း ဟင်းသီးဟင်းရွက်များကို လိုအပ်သရွေ့ယူပြီး စေတနာရှိသ၍ အလှူငွေပြန်ထည့်ခြင်းအစီအစဉ်ဖြင့် ယမန်နေ့ကဖြန့်ဝေကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့က လောင်းလုံးမြို့နယ်၊ မောင်မကန်စျေး၊ သောကြာပြင်လမ်းဆုံနှင့် လူစည်းကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှုအား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှုအား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။

မိုးညှင်းခရိုင် ဆေးရုံကြီးမှ ကိုဗစ်-၁၉ရောဂါပိုးကင်းစင်၍ ၇ ဦးဆေးရုံထပ်ဆင်း၊ လက်ရှိအတည်ပြု လူနာ ၂ ဦးသာ ကျန်ရှိတော့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယနေ့နံနက် ၁၀နာရီခွဲ အချိန်တွင် မိုးညှင်းဆေးရုံကြီးရှိ သီးသန့် လူနာဆောင်တွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ရောဂါပိုး ကင်းစင်၍ ဆေးရုံထပ်ဆင်း ပေးခဲ့ကြောင်းနှင့် လက်ရှိမိုးညှင်း ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦးသာ ကျန်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက အတည်ပြု ပြောကြားသည်။

မင်းကင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၁၆) ဦးထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မင်္ဂလာဒုံမြို့နယ်မှပြန်လည် ရောက်ရှိလာ သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ (၁၆) ဦးတို့တွင် ရောဂါပိုး ထပ်မံတွေ့ရှိရကြောင်း သိရသည်။

အင်းလေးရေပေါ်ဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်း‌လေး‌ဒေသ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့် ထိန်းချုပ်ရေးအတွက် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to