လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်ပြသ

လဲချား အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်ကို ယနေ့နံနက် ၉ နာရီအချိန် က ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ အတတ်ပညာနှင့် နည်းလမ်းများ၊ အတတ်ပညာနှင့် ကျန်းမာရေး၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ သတင်းတွင်အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ ကိုဗစ်-၁၉ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဋ္ဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလအဓိဌာန် သတင်းအချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေပါသလား၊ ကလေးသူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ် ပြုလုပ်ပါ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ သင်သည် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတစ်ဦး ဖြစ်လိုပါသလား စသည့် အသိပညာပေးအကြောင်းအရာများပါဝင်ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)