စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Quarantine Centre များနှင့် lock down ချထား သော မိသားစုဝင်များကို ဆေးဝါးများနှင့် အခြေခံစားသောက်ကုန်များလှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားသော Quarantine Center များနှင့် lockdown ချထားသော မိသားစု(၂၀)အတွက် We Love Sanchaung နှင့် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များ စုပေါင်းပြီး ဆေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်(၉)မျိုးကို ယမန်နေ့ နေ့လယ်ပိုင်းက အိမ်ရှေ့အရောက် သွားရောက်လှူဒါန်းခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း ကျေးရွာ ၇ ရွာ၌ (၂၄) နာရီ လျှပ်စစ်အား ထပ်မံရရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ် အတွင်းရှိဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် ကျေးရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် ပေးနှိင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် ချောက်မြို့နယ် အတွင်း ကျေးရွာ (၁၄၆)ရွာတွင် ယခု‌ ကျေးရွာ(၇)ရွာ အပါအ၀င် ကျေးရွာ (၇၀) ရွာလျှပ် စစ်မီးလင်းနေပြီဖြစ်ကြောင်း သိရသည်။

ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်နှင့် ပြဘုတ်တို့၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်ရှောင်ရန်များတို့ကို ပြည်သူများ သိရှိလိုက်နာနိုင်ရန်အတွက် ဆောင်ရွက်ပြသထားလျက် ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် မဲရုံသုံးပစ္စည်းများခွဲဝေခြင်းနှင့် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မဲရုံသုံးပစ္စည်းများ ရောက်ရှိခွဲဝေနေခြင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက် မှ အောက်တိုဘာ ၁၄ ရက်အထိ ဒုတိယအကြိမ် ကြေညာထားသော မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်သည်။

မိုင်းဖြတ်မြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT) Test Kit ဖြင့်စစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်ခန့် က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်ရေးပြကွင်းတွင် စစ်ဆေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ပထမဆုံးပိုးတွေ့လူနာ(၂)ဦး ဆေးရုံဆင်းခွင့်ရရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပထမဆုံးပိုး တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၂)ဦးကို ယနေ့နံနက် ၁၀ နာရီက ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီထံမှ သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွီးလေးကျေးရွာ၌ မိုးစပါး Rs To Cs မျိုးစေ့ထုတ်စိုက်ခင်း (၁၅)ဧက ဆောင်ရွက်လျက်ရှိရာ မျိုးစေ့ထုတ်စိုက်ခင်း၌ ယမန်နေ့က မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေ များနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Quarantine Center များ တွင် အသုံးပြုနိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်။

ဝါးခယ်မတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများကို Ag Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ / မရှိ စစ်ဆေးပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ သွားမည်ဖြစ်ရာ ဝါးခယ်မမြို့နယ် အတွင်းရှိ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား များအား Ag Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ / မရှိ စစ်ဆေးပေးမှုကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (၂) ကျောင်း သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့တွင်းလမ်းဆုံနေရာများ၌ အများပြည်သူ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Subscribe to