မအူပင်မြို့နယ် လကျ်ားကြီးကျေးရွာအုပ်စု ခတ္တိယဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးပြီး အလှူငွေပေးအပ်လှူဒါန်း

မအူပင် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် မအူပင်မြို့ တံတားထိပ်နှင့် လကျ်ားကြီးကျေးရွာအုပ်စု၊ ခတ္တိယဂိတ်တွင် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် ခရီးသွားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာက မအူပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့က ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မအူပင်မြို့နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်ကြီး များ၊ ခရီးသွားထောက်ခံချက်ဖြင့် သွားလာနေသော သာမာန် အိမ်စီးယာဉ်ငယ်များ၊ အငှားယာဉ် (Taxi) များ၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တို့ပေါ်ရှိ ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်/ထွက် စစ်ဆေး ခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့ဝင်/မြို့ထွက် ပူးပေါင်း စစ်ဆေးရေး ဂိတ်()ခုတို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့အား နေ့စဉ်ဆောင်ရွက်မှုအား ဧရာဝတီတိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာန၊ တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်နှင့် တာဝန်ရှိသူတို့မှ စစ်ဆေးခဲ့ပြီး မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် လိုအပ်သည်များ အသုံးပြုရန် အလှူငွေကျပ်()သိန်း ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ဂိတ်တာဝန်ခံ ဆောင်ရွက်သည့်အဖွဲ့များက လက်ခံရရှိခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)