ဇလွန်​မြို့မဈေးသစ်အတွင်း ဈေးရောင်း ၊ ဈေးဝယ်များ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ပူး​ပေါင်းအဖွဲ့ဖြင့် စစ်ဆေး

ဇလွန် အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဇလွန်မြို့မစျေး သစ်အတွင်း ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် ဇလွန်မြို့မဈေးသစ်အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ နှာခေါင်းစည်း တပ်ဆင်မှု ရှိ / မရှိ ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ရောင်းချမှု ရှိ / မရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ တို့ကို လှည့်လည်စစ်ဆေးပြီး ဈေးရောင်းချသူများအနေဖြင့် တိုင်းဒေသကြီး အဆင့် ကိုဗစ်-၁၉ ကော်မတီမှ ထုတ်ပြန်ကြေညာထားသော သတ်မှတ်အချိန်များအတွင်း၌သာ ဖွင့်လှစ်ရောင်းချသွား ကြရန်နှင့် ထိုသို့ရောင်းချရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား ဈေးရောင်းသူများမှ လိုက်နာဆောင်ရွက်မှု ရှိ / မရှိ တို့ကို စစ်ဆေးခဲ့​ကြသည်။

ဝေယံ(ဇလွန်)