မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ စေတနာရှင်ပြည်သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် ကုသရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေများ ရောဂါကုသရေးသုံးပစ္စည်းများအား လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ပြင်စလူမြို့ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်စေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့အဝင် စစ်ဆေးရေးဂိတ်၌ မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ညောင်ဦးမြို့နယ်တွင် တတိယအကြိမ် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁ ဦးဆေးရုံဆင်းခွင့်ရ

မန္တတလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၃၁ယောက် သည် ကျန်းမာရေးကောင်းမွန်သွားသည့်အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်အောင်ထံက သိရသည်။

ခရမ်းမြို့နယ်၌ စောင့်ကြည့်ရေးစင်တာများနှင့် ဆေးရုံမှ ထွက်ရှိသော အမှိုက်များကို စနစ်တကျ သိမ်းဆည်းမီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျက် ရှိရာ မြို့တွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများနှင့် ဆေးရုံတို့မှ နေ့စဉ် ထွက်ရှိသော စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင် အနီးအနားရှိ ပြည်သူများ ရောဂါကူးစက်မှု မရှိစေရေးအတွက် စနစ်တကျထုတ်ပိုး၍ နေ့စဉ် မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့နှစ်ကြိမ် သိမ်းဆည်းပေးလျက် ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်မြင့်မိုရ်အိမ်ရာတွင် ရောဂါပြန်လည် သက်သာသူ (၁၁၀၀)ဦးအား ဆေးရုံမှပြန်လည်ဆင်းခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ အောင်မြင့်မိုရ်အိမ်ရာအတွင်း ကိုဗစ်-၁၉ Positive လူနာများထားရှိကုသ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ကျိုက်မ​ရောမြို့နယ် ကျုံစိန်​ကျေးရွာ၌ ​ကျေးရွာလျှပ်စစ်မီးလင်း​ရေး ဖွင့်ပွဲပြုလုပ်

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူး​ရေးလုပ်ငန်းမှ ​​ကျေးရွာပြည်သူများ လျှပ်စစ်မီး ဖူလုံစွာသုံးစွဲနိုင်​ရေးအတွက်​ ​ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့ နံနက် ၉ နာရီက ကျုံစိန်​ကျေးရွာ၌ လျှပ်စစ်မီးလင်း​ရေးဖွင့်ပွဲ အခမ်းအနားကိုပြုလုပ်ခဲ့သည်။

ဗန်းမော်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်း အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်း အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခန့်က မဲဆန္ဒရှင်ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။

သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက် အလက်များ မှန်ကန်စွာ

အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု Semi Lock Down Area အတွင်းရှိ အိမ်ထောင်စုများအား ဟင်းသီးဟင်းရွက်၊ သစ်သီးမျိုးစုံနှင့် အခြေခံအိမ်ထောင်စုများအား အခြေခံစားသောက်ကုန်နှင့် ငွေကြေးထောက်ပံ့ပေးအပ်

အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု စိန်တုံးကျေးရွာ ကိုဗစ်-၁၉ Positive တွေ့ရှိခြင်းဖြင့် Semi Lock Down Area အတွင်းရှိ ပြည်သူ များအတွက် ဟင်းသီး၊ ဟင်းရွက်နှင့်သီးနှံများ ပေးအပ်ထောက်ပံ့ခြင်းနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်နှင့် အလှူငွေထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to