စဉ့်ကိုင်မြို့နယ် ကြက်မျှားကျေးရွာတွင် မျှားနတ်မောင် သမဝါယမအသင်းမှ အသင်းသူ၊ အသင်းသားများအား ထောက်ပံ့ငွေများပေးအပ်

စဉ့်ကိုင်     အောက်တိုဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ကြက်မျှားကျေးရွာတွင်  ဖွဲ့စည်းထားရှိသော မျှားနတ်မောင် လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းမှ အသင်းသူ၊ အသင်းသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၁)နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ပေးအပ်ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေက အမှာစကားပြောကြားပြီး မျှားနတ်မောင်လယ်ယာ နှင့် အထွထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်း ဥက္ကဋ္ဌ ဦးအေးလွင်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း အသင်းသူ၊ အသင်းသားများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့် အညီ အသင်းသားတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ စီကိုထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေ နှင့် ဝန်ထမ်းများ မြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးချန်ထွန်း    မျှားနတ်မောင် လယ်ယာ နှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ  အသင်း   ဥက္ကဋ္ဌ ဦးအေးလွင်    နှင့် အမှုဆောင်များ အသင်းသူ၊ အသင်းသားများ တက်ရောက်ကြပြီး အသင်းသားတစ်ဦးလျှင် ငွေကျပ်(၁၅၀၀ဝိ/−) နှုန်းဖြင့် အသင်းသား (၁၆၂) ဦး  တို့အား စုစုပေါင်း ထောက်ပံ့ ငွေကျပ်(၂၄၃၀၀၀ဝ/-) ကိုထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်/ပြန်ဆက်)