ပန်ဝါမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပန်ဝါမြို့ ပြည်သူ့ဆေးရုံး၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးတာဝန်များကို ဆောင်ရွက်ရန်အတွက် အထူးရဲသင်တန်းအား အမှတ်(၂)ရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ဖွင့်လှစ်လျှက်ရှိရာ အထူးရဲသင်တန်းသားများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Covid-19 Antigen (RTD) Test Kit ဖြင့် စစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့အတွင်းသို့ ဝင်ရောက်မည့်သူများအား ခရီးသွားအထောက်အထား ကတ်ပြားပါ/မပါစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် မြို့တွင်းသို့ဝင်ရောက်မည့် ခရီးသွားပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ ခရီးသွားထောက်ခံချက ပါ/မပါစစ်ဆေးခြင်းကို ယနေ့က ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မက်မွန်လောင်းကျေးရွာတွင် မီးဖိုဆောင် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်း ကျေးရွာတွင် လုလုံဘုန်းကြီးကျောင်း (၁)လုံး ယနေ့နံနက် ( ၂) နာရီ (၁၅)မိနစ်အချိန် က မီးဖိုချောင် မီးကြွင်းမီးကျန်မှ ပေ(၉၀)ပတ်လည် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းအဆောက်အဦ (၁) လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ခိုလမ်မြို့မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှစ်စီး၊ ဌာနဆိုင်ရာများနှင့် ကျေးရွာမှ ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ကြသဖြင့် နံနက်(၃)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

ကရသူရိမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေး နံရံကပ် စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး စာစောင်များကိုယနေ့ နံနက်က ၁၀နာရီက ပြသဆောင်ရွက်ထားသည်။

ပွင့်ဖြူမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရွာလုံးကျွတ် လျှပ်စစ်မီးလွှမ်းခြုံနိုင်ရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၂၂) ရွာတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရ သည်။

လမ်းမတော်မြို့နယ်တွင် Mask တပ်ဆင်သွားလာခြင်းမရှိသူ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ Mask တပ်ဆင်သွားလာခြင်းမရှိသော ပြည်သူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ လေးဦး ဆေးရုံဆင်းခွင့်ရ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ လေးဦး မှာ ကျန်းမာရေးအခြေအနေကောင်းမွန်သည့်အတွက် ယနေ့နံနက် ၈ နာရီက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကုသကာကွယ်ထိန်းချုပ်ရေး သတင်းမှန်ပြန်ကြားရေး အဖွဲ့က သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက
Subscribe to