တာချီလိတ်မြို့တွင် ရွေးကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိ/မရှိ စစ်ဆေး

တာချီလိတ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပြည်သူ့ဆေးရုံဟောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ရွေးကောက်ပွဲလုံခြုံရေးအတွက် သင်တန်းတက်ရောက်လျက်ရှိသော အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် စစ်ဆေးပေးခဲ့ ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ချထားမည့်အထူးရဲ ၇၄ ဦးကို ရွေးချယ်သင်တန်းပေး လျက်ရှိကာ လုံခြုံစိတ်ချမှုအတွက် ယခုကဲ့သို့ စစ်ဆေးခြင်းဖြစ်ကြောင်း မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဌာနမှ ဆရာ/မ များကိုလဲ စစ်ဆေးမှုများပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)