မယ်စဲ့မြို့နယ်မှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ Volunteer များအဖြစ် သွားရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တင်များသို့ Volunteer များအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။