မိုင်းပျဉ်းမြို့နယ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော စွန်တောင်းချောင်းကူး တံတားပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား ၁၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင် ကြမည့် အထူးရဲ ၁၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Antigen Test ဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က ကျောက်မဲမြို့မရဲစခန်း၌ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အခုဝယ်၊ ခုတပ်စနစ်နှင့် ဒဏ်ငွေကျပ်(၂၀၀) သတ်မှတ်သည့် အစီအစဉ် စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အပြင်ထွက်သွားလာသူများအနေဖြင့် MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အခုဝယ်၊ ခုတပ်စနစ်နှင့် ဒဏ်ငွေကျပ်(၂၀၀) သတ်မှတ်သည့်အစီအစဉ်ကို ယမန်နေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိုမိန်းမြို့တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၉) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သားများအား Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က ဟိုမိန်းတိုက်နယ်ဆေးရုံတွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန် က လားရှိုးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်ရှိ အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိRapid Test Kit ဖြင့် စစ်ဆေး

နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော အထူးရဲသင်တန်းသားများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီ ခွဲအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိသည့် အမှတ် (၉) အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကျိုင်းတောင်းမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ကျိုင်းတောင်းမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့် က သားဖွားဆရာမ ဒေါ်ခိုင်သဇင်မှ ကျိုင်းတောင်းမြို့ အမှတ်(၃၊၄၊၅)ရပ်ကွက်ရှိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခဲ့သည်။

သီပေါမြို့နယ် ရွှေကျောင်းမိုးကုတ်ဝိပဿနာရိပ်သာရှိ သီလရှင်များအား အခြေခံစားသောက်ကုန်များ လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ရွှေကျောင်းမိုးကုတ်ဝိပဿနာ ရိပ်သာရှိ သာသနာအနွယ်ဝင် သီလရှင် ဆရာကြီး/ ဆရာလေး(၂၃)ပါးအား ကိုဗစ်−၁၉ ကာလအတွင်း ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် အခြေခံစားသောက်ကုန်များကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ရွှေကျောင်းရိပ်သာတွင် လှူဒါန်းခဲ့သည်။

မိုင်းနောင်မြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ကပ်ထားပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ပြဘုတ်တွင် နံရံကပ်စာစောင်များ ကပ်ထားပြသပေးလျက် ရှိသည်။
Subscribe to