ကိုဗစ် - ၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးပပျောက်စေရန် ပရိတ်ရေများ မန္တလေးမြို့အတွင်း လှည့်လည် ပက်ဖျန်းပူဇော်ခြင်းများ ပြုလုပ်

ကိုဗစ် - ၁၉ ကပ်ရောဂါဘေးမှကင်းဝေးပပျောက်စေရန် ဗုဒ္ဓ၏ ပရိတ်ကြီး ၁၁ သုတ်ကို အကြိမ်ရေ (၂၀၂၁) ကြိမ်အထိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ပြီး ပရိတ်ရေများ မန္တလေးမြို့အတွင်းသို့ လှည့်လည် ပက်ဖျန်းပူဇော် တာတွေပြုလုပ်နေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး MSME Agency နှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ပူးပေါင်းစီစဉ်သည့် COVID-19 Safety for SME Online သင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး MSME Agency နှင့် မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ပူးပေါင်းစီစဉ်သည့် COVID-19 Safety for SME Online သင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက စတင်ဖွင့်လှစ် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသူများအား လက်မှတ်များပေးအပ်

မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၁၅ ဦးအား ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ် ကြောင်း သိရသည်။

မင်းဘူးမြို့တွင် ယာဉ်နောက်လိုက် (၁) ဦး ကိုဗစ်-၁၉ ရောဂါ ပိုးထပ်တွေ့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ယာဉ်နောက် လိုက် (၁) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး ဖလံရုံ ကျေးရွာ (ရန်ကုန်မှပြန်လာသူ) အမျိုးသားတစ်ဦးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။

အမရပူရမြို့နယ် မှန်တန်းရပ်ကွက် နန်းတော်ရာစံပြကွက်သစ် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းကြောင့် နန်းရတနာစျေးအား ခေတ္တပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်

အမရပူရမြို့နယ် မှန်တန်းရပ်ကွက် နန်းတော်ရာစံပြကွက်သစ် ကိုဗစ်-၁၉ ရောဂါ Positive များတွေ့ရှိခဲ့ခြင်း ကြောင့် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ခေတ္တယာယီ ပိတ်ထားသည့် နန်းရတနာစျေးကို ယမန်နေ့ နံနက်(၆)နာရီအချိန်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မလှိုင်မြို့၌ အသုံးပြုပြီးသော MASK များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ မလှိုင်မြို့နယ်အတွက် ထောက်ပံ့သော အမှိုက်ပုံးများ ပြန်လည်ဖြန့်ဝေ ပေးခြင်းကို ယမန်နေ့ နံနက် ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။

မြဝတီမြို့ဈေးများ၌ ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်းများတပ်ဆင်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး

မြဝတီမြို့ဈေးများ၌ ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်း စည်းများ တပ်ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to