ဝန်းသိုမြို့နယ်တွင် သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့ ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊အုပ်ဖိုကျေးရွာတွင် တောင်သူ ဦးကြီးများ ဓါတုပိုးသတ်ဆေးများကို လျော့ချသုံးစွဲနိုင်စေရန်နှင့် ဓါတ်မြေဩဇာလျော့ချ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ သဘာဝပိုးသတ်ဆေးနှင့် စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်း တို့ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးကျော်ဦးနှင့် ဝန်ထမ်းများက လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ် အထူးရဲသင်တန်းသားများအား ကိုဗစ်-ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်သော နေရာများတွင် တာဝန်ချထားရန် ခန့်အပ်သည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးသည့် ကရိယာ Rapid Dianosis Test (RDT) Tese Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်း ဖွင့်လှစ်သည့် အထက-၁ ကျောင်း၌ ဆောင်ရွက်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး ရုပ်ပုံများပြသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရန် အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်က ပေါက်ခေါင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ် ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ရုပ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။

ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေးနံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် အတွက် ပြည်သူများလေ့လာသိရှိနိုင်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက် (၉)နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့သည်။

ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်အဆင့် Mobile Tablet အသုံးပြု နည်း သင်ကြားပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ်အဆင့် Mobile Tablet အသုံးပြု နည်းကို ယနေ့ နံနက်(၁၀)နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ သင်ကြားပို့ချခဲ့သည်။

ဒီးမော့ဆိုတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးချက်လက်မှတ် ပေးအပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးချက် လက်မှတ် ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာ ဗဟုသုတများပိုမိုးတိုးပြီး သတင်းအချက်အလက်များမှန်ကန်စွာ သိရှိနိုင်ရန်ရည်ရွယ်၍ ရုံးရှေ့တွင် ယနေ့နံနက်ပိုင်း က နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်သည်။

လက်ပံတန်းမြို့နယ် မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအကြောင်း အရာများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများပြသ ဆောင်ရွက်ထားရှိ ကြောင်း သိရှိရသည်။

ထန်တလန်မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်ကို ထန်တလန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျင်ငိုက်မန်နှင့် ဝန်ထမ်းများသည် ယနေ့ ညနေ ၂ နာရီအချိန်က လမ်းသွား လမ်းလာသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to