ကျောက်မဲမြို့နယ်အတွင်း မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား ၁၀၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေး

ကျောက်မဲ  အောက်တိုဘာ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင် ကြမည့် အထူးရဲ ၁၀၀ ဦးအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Antigen Test ဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က ကျောက်မဲမြို့မရဲစခန်း၌ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ  လျာထားမဲရုံ ၁၁၁ ရုံအတွက် အထူးရဲ ၁၁၁ ဦး ရှိသော်လည်း  ယခင်ရက်များက တိုက်ပွဲဖြစ်ပွားနေသည့် ပုံဝိုးနယ်မြေရဲစခန်းရှိ အထူးရဲ ၁၁ ဦးမှာ လာရောက် စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ယနေ့ စစ်ဆေးခဲ့သည့် မဲရုံလုံခြုံရေးအထူးရဲ ၁၀၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိ Negative ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)