မင်္ဂလာဒုံမြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်သူ (၈၀)ဦးအား RDT Test ဖြင့် ကိုဗစ် - ၁၉ ရောဂါ ပိုး ရှိ/ မရှိ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် Community based Facility Quarantine Centre များ၌ အသွားအလာ  ကန့်သတ်စောင့်ကြည့်သူ (၈၀)ဦး၌

မဲရုံမှူး၊ ဒု-မဲရုံမှူး ဆောင်ရွက်မည့်သူများအား RDT Test Kit စစ်ဆေးရေးကိရိယာဖြင့် ကျန်းမာရေး စစ်ဆေး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက်တန်းကျောင်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ဆောင်ရွက်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က ပြုလုပ်သည်။

ပူတာအိုမြို့ရှိ Facility Quarantine Centre ကို ကွင်းဆင်းစစ်ဆေးပြီး ကန့်သတ်စောင့်ကြည့်မှု (၁၄)ရက်ခံယူပြီးသူ (၁၅)ဦးကို ပြန်လည်စေလွှတ်

ကချင်ပြည်နယ် ပူတာအိုမြို့တွင် မြို့နယ်Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များက ယမန်နေ့ညနေ ၅ နာရီခန့်က Facility Quarantine Centre အဖြစ် ဖွင့်လှစ်ထားရှိသည့် လေးထပ် လေးခန်းတွဲ အိုး/အိမ်ဝန်ထမ်းအိမ်ယာသို့ သွားရောက်ကာ စည်ကမ်းချက်နှင့်အညီ နေထိုင်မှုရှိ/မရှိ ကွင်းဆင်းကြပ်မတ်စစ်ဆေးပြီး ကန့်သတ်စောင့်ကြည့်မှု (၁၄)ရက်ခံယူပြီးသူ(၁၅)ဦးကို ပြန်လည်စေလွှတ်ခဲ့ကြောင်းသိသည်။

စေတုတ္တရာမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များအား ဖွင့်ဖောက်စစ်ဆေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များအား ဖွင့်ဖောက် စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဆောက်ရွက်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝေငှ

အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် (၂၀၂၀)ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အနေ ဖြင့် ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပဲခူးမြို့ ပေါ်ရှိ နေရာ(၉)ခု၌ ပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝေငှဖြန့်ဝေပေးကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရန် ကွင်းဆင်း စစ်ဆေးအသိပေး

ဖောင်းပြင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ရန်ပုံငွေကျပ် သိန်း (၅၇၀) ထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်း ရောင်စီမံကိန်းဖြင့် ကျေးရွာယူနစ် ၂၈ ယူနစ်၊ အကျိုးပြုကျေးရွာပေါင်း ၃၁ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများမှ ပြည်သူများအတွက် မိသားစုဝင်ငွေ တိုးပွားရေးနှင့်

မလှိုင်မြို့၌ အသုံးပြုပြီးသော MASK များကို စနစ်တကျ စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ‌ဖြန့်ဝေ    

မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့မှ မလှိုင်မြို့နယ်အတွက် ထောက်ပံ့သော အမှိုက်ပုံးများ ပြန်လည်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။
Subscribe to