ဟိုမိန်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်း သားများအား Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က ဟိုမိန်းတိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Test Kit ဖြင့် စစ်ဆေးပေးရာတွင် ဟိုမိန်းတိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဆရာမ ဒေါ်မြခိုင်၊ သူနာပြုဆရာ ဦးထွန်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အထူးရဲ သင်တန်းသား (၉) ဦး၏ နှာခေါင်းတို့ဖတ်များကို Antigen Rapid Diagnostic Test Kit များဖြင့် စနစ်တကျစစ်ဆေး ခဲ့ရာ သင်တန်းသားအားလုံး၏ အဖြေမှာ (Negative) ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရှိ ရသည်။
ရဲနောင်(ဟိုမိန်း)