သီပေါ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ ရွှေကျောင်းမိုးကုတ်ဝိပဿနာ ရိပ်သာရှိ သာသနာအနွယ်ဝင် သီလရှင် ဆရာကြီး/ ဆရာလေး(၂၃)ပါးအား ကိုဗစ်−၁၉ ကာလအတွင်း ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် အခြေခံစားသောက်ကုန်များကို အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ရွှေကျောင်းရိပ်သာတွင် လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များဖြစ်ကြသည့် သီပေါမြို့ ပန်တိမ်မြောက်ရပ်ကွက်နေ ဦးစံရွှေ − ဒေါ်ခင်စန်းအေး (စိန်ဆေးဆိုင်) မိသားစုမှ သီလရှင် ၁ ပါးလျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)ကျပ်သားနှင့် ကြက်ဥ(၁၀)လုံးနှုန်းဖြင့် သီလရှင် ဆရာကြီး/ဆရာလေး (၂၃)ပါးအတွက် လှူဒါန်းရာ အလှူရှင်များကိုယ်စား သီပေါမြို့ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)